Local News

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖွင့်လှစ်ပြီးကုန်စည်ဒိုင်များ၏စျေးနှုန်းနှင့်ရောင်းဝယ်မှုအခြေအနေ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖွင့်လှစ်ပြီး ကုန်စည်ဒိုင် (၃) ခု အနက် ကလေးကုန်စည်ဒိုင်မှာ အရောင်းအဝယ် မဖြစ်သေးသော်လည်း လက်ရှိ အရောင်း အဝယ် ဖြစ်နေသည့် ကုန်စည်ဒိုင်များ၏ ဈေးနှုန်းအခြေအနေများမှာ -

(က)မုံရွာကုန်စည်ဒိုင်။  မုံရွာကုန်စည်ဒိုင်တွင် ယခုတစ်ပတ် မြေထောက်ပဲ၊ မတ်ပဲ၊ ပဲစဉ်းငုံ ဈေးတက်ခဲ့ပြီး၊ ပဲတီစိမ်း(ကြီး /သေး) ဈေးငြိမ်နေပါသည်။ ကျန်သီးနှံများ စျေးကျခဲ့ပြီး၊ ဖြစ်ပေါ်မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(ခ)ရွှေဘိုကုန်စည်ဒိုင်။  ရွှေဘိုကုန်စည်ဒိုင်တွင် ယခုတစ်ပတ် ပဲစဉ်းငုံနီနှင့် မြေပဲလုံးဆံ စျေးတက်ခဲ့ပြီး၊ မတ်ပဲစျေးကျခဲ့ပါသည်။ အရောင်းအဝယ် ဖြစ်မှုမှာ ယခင်တစ်ပတ် ထက် လျော့နည်းခဲ့ပါသည်။

Category: Local News